CONTACT US

GET IN TOUCH WITH OUR SUPPORT TEAM

Thanks for visiting our website. Please let us know if you require any further information.

We will be happy to assist you.

FREQUENTLY ASKED QUESTIONS

Lavender Product တွေကို ဘယ်မှာဝယ်ယူလို့ရမလဲ?

Lavender Product တွေကို ရန်ကုန်မြို့ရဲ့ မြို့နယ်အများစုကို ဖြန့်ချိထားပါတယ်။ အိမ်အရောက်ပို့ပေးတဲ့ Online Channel တွေနဲ့ လည်းချိတ်ဆက်ထားပါတယ်။ နောက်ထပ် Convenience Store တွေနဲ့ Supermarket များ စုံလင်စွာ ဖြန့်ချိဖို့ ကြိုးစားနေပါတယ်။ တခြားမြို့တွေမှာဆိုရင် မန္တလေး၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ ထားဝယ် စတာတွေမှာလည်း ဖြန့်ချိထားပါတယ်။ အသေးစိတ်ကြည့်ရှုလိုပါက Where to Buy မှာ ကြည့်ရှုနိုင်ပါတယ်။

Lavender Product တွေက မြန်မာပြည်မှာ ထုတ်လုပ်တာလား၊ ကုန်ကြမ်းတွေက ဘယ်နိုင်ငံတွေကလဲ?

Lavender Product တွေကို နိုင်ငံတကာစံချိန်စံနှုန်းများ၊ မြန်မာနိုင်ငံ အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရဲ့ လမ်းညွှန်ချက်များနဲ့ အညီ မြန်မာပြည်မှာ ဂုဏ်ယူစွာ ထုတ်လုပ်ပါတယ်။ အထွေထွေကုန်ကြမ်းတွေကတော့ မြန်မာအပြင် ထိုင်ဝမ်၊ အိန္ဒိယ၊ တရုတ် နဲ့ ထိုင်းနိုင်ငံများမှ ရရှိပါတယ်။

Hand Sanitizing Gel နဲ့ Hand Sanitizing Spray ဘာကွာလဲ?

Hand Sanitizing Gel ရော Spray ရော Covid-19 နဲ့ အခြားသော ရောဂါပိုးမွှားများကို ကာကွယ်ဖို့ ထိရောက်မှုချင်း အတူတူပါပဲ။ Gel Type နဲ့ Spray Type ပဲ အဓိက ကွာတာပါ။ Hand Sanitizing Spray ကတော့ လက်ဆေးတဲ့အပြင် လက်နဲ့ထိတွေ့ထားတဲ့ အရာဝတ္ထုမျက်နှာပြင်တွေ ပိုးသတ်တဲ့နေရာပါ အသုံး​ပြုနိုင်ပါတယ်။

Lavender Product တွေက သုံးဖို့အတွက် အန္တရာယ်ကင်းရှင်းလား၊ ဘယ်လိုအာမခံနိုင်ပါသလဲ?

Lavender Product တွေက မြန်မာနိုင်ငံ အသေးစား၊ အလတ်စား စက်မှုလက်မှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီထုတ်လုပ်ထားပြီး အန္တရာယ်ဖြစ်မဖြစ် ဓာတ်ခွဲခန်းမှာ စမ်းသပ်ပြီးအောင်မြင်တာကြောင့် ထုတ်လုပ်ရောင်းချခွင့် လုပ်ငန်းလိုင်စင်နဲ့ အန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံစာရရှိထားလို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ နှစ်စဉ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးတဲ့အခါမှာလည်း Product တွေကို ထပ်မံစစ်ဆေးတာဖြစ်လို့ စိတ်ချစွာသုံးနိုင်ပါတယ်။ လုပ်ငန်းလိုင်စင်နဲ့ ထောက်ခံစာတွေကို LICENSES & CERTIFICATIONS မှာ ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

Lavender ပစ္စည်းတွေကို ကိုယ်စားလှယ် (သို့) တဆင့်ပြန်လည်ရောင်းချချင်ရင် ဘယ်လိုဆက်သွယ်ရမလဲ?

Lavender ပစ္စည်းတွေ အတွက် အရောင်းကိုယ်စားလှယ်ရယူလိုသူများ၊ Convenience Store, Retail Shop များတွင် ရောင်းချလိုသူများ၊ အကျိုးတူပူးပေါင်းလိုသူများအား ကြိုဆိုလျက်ရှိပါတယ်။ Contact ကနေ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Scroll to Top